နေပြည်တော် မတ် ၂၀
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၈၅၆၆၄) ဦးနှင့် ပထဝီဝင်သာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၂၈၄၆) ဦးရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဓာတုဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ၁၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၁ ခု စာစစ်ဌာန စုစုပေါင်း ၈၁၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်း ပေး သွင်းသူဦးရေ စုစုပေါင်း (၁၉၅၆၀၃) ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၈၅၆၆၄) ဦး ၊ ပျက်ကွက်(၉၉၃၉)ဦး ရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်းသည် (၉၄ ဒသမ ၉၂) ရာခိုင်နှုန်း၊ ပထဝီဝင် ဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၆၇၃ ခု စာစစ်ဌာန စုစုပေါင်း ၆၇၄ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်း ပေးသွင်း သူဦးရေ စုစုပေါင်း (၂၂၅၂၄၀) ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း (၂၂၈၄၆)ဦး၊ ပျက်ကွက် (၂၃၉၄) ဦး ရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်းသည် (၉၀ ဒသမ ၅၂) ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်