၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တောင်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တောင်ကြီး ဇွန် ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

 

တောင်ကြီးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၄၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၄ ကျောင်းနှင့် မူလတန်းကျောင်း ၁၃၅ ကျောင်း စုစုပေါင်း ၂၇၆ ကျောင်းရှိရာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၇၀၇၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၂၅၂၉ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၇၀၅ ဦး စုစုပေါင်း ၄၁၃၁၂ ဦးအထိ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။

 

ဇော်နိုင်လင်း