၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇွန်လအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

နေပြည်တော် ၆ သြဂုတ်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဇွန်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၀၄ ဒသမ ၁၈ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၄၅ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၃ ဒသမ ၆၃ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၇၇ ဒသမ ၄၈ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ဝ၀ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၂၁ ဒသမ ၄၈ သန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဇွန်လအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၈၅ ဒသမ ၁၁ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၅ သန်း ဖြစ်ပေါ်ခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇွန်လအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၉၃ ဒသမ ၇၁ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၆၉၇ ဒသမ ၃၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၅၉၁ ဒသမ ဝ၅ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၂၉၃ ဒသမ ၃၆ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၃၉ ဒသမ ၅၂ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၃၂ ဒသမ ၈၈ သန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇွန်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆၂၂၃ ဒသမ ၉၃ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၀၄၁ ဒသမ ၈၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။


သတင်းစဉ်