၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၈၁၄၃)သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ (၁၂၆)သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

နေပြည်တော် ၁၅ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၉၈ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၄၅ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ 

 

ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၅၅ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၆၂ သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀၁၇ သန်း ဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ၁၄၃ ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ၁၇ ဒေါ်လာသန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၂၆ သန်း  ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

 

ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်ပို့နိုင်ခဲ့သည် -

 

1

 

ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း လျော့နည်းတင်သွင်းခဲ့သည်-

 

2