နေပြည်တော် ၂၃  သြဂုတ် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်းလအတွက် လှေပြိုင်ပွဲနှင့် ရင်းမာပန်း ၂၀ဝိ/ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ၂၀၁၉ ခုနှစ်၊ သြဂုတ် (၃၀)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက် (သောကြာ) နေ့၊ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်း ပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။


အထူးအစီအစဉ်တစ်ရပ် အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ သြဂုတ်(၃၀)ရက်၌ ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်(Firstday Cover)များပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်းသိရသည်။ 


(သတင်းစဉ်)