(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ထက်/လယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်

သာစည် ဒီဇင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ထက်/လယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) မီးရထားတို့မှ ထက်/လယ်အဆင့် ကျောင်းသား/သူများက အလယ်တန်းအဆင့်တွင် အမျိုးသားအမွေ ထိန်းသိမ်းစို့လေ၊ အမျိုးသားအောင်ပန်း လက်ဆင့်ကမ်း၊ သွေးချင်းတို့၏ မြန်မာပြည် ခေါင်းစဉ်သုံးမျိုးဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်တွင် အမျိုးသားစိတ်ဓာတ်၊ အမျိုးသားနေ့နှင့် လူငယ်တို့၏တာဝန်၊ မြန်မာ့အောင်ပွဲ ခေါင်းစဉ်သုံးမျိုးတို့ဖြင့် လည်းကောင်း ယှဉ်ပြိုင်ရမည့်အမှတ်စဉ်နှင့် ခေါင်းစဉ်တို့ကို မဲနှိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်တို့က ကြည့်ရှုအားပေးသည်။ အဆိုပါပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်သည်။

 

ထို့နောက် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)