မဟာသင်္ကြန် ကာလအတွင်း ကချင်ပြည်နယ်၏ အစည်ကားဆုံး နမ္မတီး(ချောင်းသာ) ကမ်းခြေတွင် ဒီဂျေရှိုးဖြင့် ဖျော်ဖြေမည်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ (နမ္မတီးချောင်းသာ)ကမ်းခြေတွင် နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း ရပ်ဝေး ရပ်နီးမှ အပန်းဖြေ အနားယူရေကစားသူများအတွက် အထူး အစီအစဉ် အဖြစ် ဒီဂျေရှိုး၊ ခေတ်ပေါ်တေးဂီတ၊ ဟက်ပီးဝေါလ်၊ ရဟတ်များနှင့် ကစားစရာများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း နမ္မတီး(ချောင်းသာ)ကမ်းခြေ မဟာသင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။