ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ဓားရှည်များကိုင်ဆောင်ကာ လုယက်မှု ကျူးလွန်သူများအား အသွင်ယူ ဖမ်းဆီးရမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ညအချိန်များတွင် ဓားရှည်များကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ လုယက်မှုကျူးလွန်ခဲ့သူ ငါးဦးအား အသွင်ယူ ဖမ်းဆီးရခဲ့မိကြောင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ သိရသည်။
အမှတ်(၁) ပေါက်တံတားပေါ်မှ ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ယောချောင်းအတွင်း ပြုတ်ကျ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ပေါက်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဇော်မင်းထက် မောင်းနှင်လာသော ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက အမှတ်(၁) ပေါက်တံတားအပေါ်တွင် ကားဘယ်ဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိ်ုင်၍ တံတားတိုင်အမှတ် P3 နှင့် P4 အကြား တံတားဘယ်ဘက်ခြမ်းရှိ လက်ရန်းတိုင်များအား ဝင်တိုက်မိပြီး တံတားအောက် အနက်ပေ ၁၅ ခန့်ရှိ ယောချောင်းအတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 
နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၈၁၃ ဒသမ ၄၅၈၄ တန် နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့်
နမ့်ခမ်းမြို့၌ ဖယောင်းတိုင်မီးလဲကျရာမှ စတင်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်း
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊အမှတ်(၈) ရပ်ကွက်၊ ပေါက်နေရပ်တွင် နေထိုင်သူ ဦးစိုင်းအိုက်ပီး(ခ) စိုင်းဇော်ဇော်လတ်၏ နေအိမ်တွင် ယနေ့ နံနက်(၄) နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။ 
သီပေါ-ကျောက်မဲ နောင်အန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နယ် နောင်အန်းကျေးရွာအနီး မိုင်တိုင် (၁၁၈/၃)တွင် ယနေ့နံနက် ၅ နာရီခွဲက ယာဉ်မောင်း ဝင်းမင်းထိုက် မောင်းနှင်၍ ရန်ကုန်မှ မူဆယ်သို့သွားမည့် ဂျူဗီတာခရီးသည်တင်ယာဉ်အမှတ်…. သည် အရှိန်လွန်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။
ရပ်တန့်ထားသော အာလူးကုန်များတင်ထားသည့်ယာဉ် မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက် "ကောင်းသတင်း" ဓါတ်မြေသြဇာဆိုင်အနီးတွင် ယနေ့ နံနက် (၂) နာရီ (၅၅) မိနစ်ခန့်က ရပ်တန့်ထားသော အာလူးများတင်ထားသည့်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။    
ဖလမ်းမြို့နယ် မဏိပူရမြစ်အတွင်း ရေဆင်းကူးရာမှ ကလေးနှစ်ဦး ရေနစ်သေဆုံး
ဖလမ်းမြို့နယ်၊ ကေဟိုင်မွာလ်ကျေးရွာအုပ်စု၊ သွာလ်ဇဲ့ကျေးရွာနေ ကလေးနှစ်ဦးသည် မဏိပူရမြစ်တွင် ရေဆင်းကူးရာမှ ရေစီးနှင့် မျောပါပြီး ရေနစ်သေဆုံးကြောင်းသိရသည်။