နိုင်ငံရေးသမားတွေရဲ့ချကျွေးတာ မခံရအောင် ပြည်သူတွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ရေရှည်အတွက် စဉ်းစားချင့်ချိန်တွေးတောကြပါလို့ ပြောချင်ပါတယ်

 ဦးဘမောင်

ဝန်ထမ်းတစ်ဦး CDM လုပ်တာ မလုပ်တာ သူ့သဘောနဲ့သူ့စိတ် ရွေးချယ်တာပိုကောင်းပါတယ်။ အတင်းအဓမ္မ ဖိအားပေးပြီးဆွဲခေါ်မှ CDM လုပ်ဖို့ ပါလာတာမျိုးက မသင့်တော်ဘူးထင်ပါတယ်။

ဦးဝင်းဇော်(အမည်လွှဲ)

ကိုယ်လိုဘဝတူ ဆရာ ဆရာမတွေကိုလည်း CDM ကနေပြန်လာပြီးတော့ အလုပ်ပြန်ဝင်ကြစေလိုပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတွေရဲ့ ဘဝကို တစ်ထောင့်တစ်နေရာကနေ မြှင့်တင်ပေးဖို့ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်

ဆရာမ ဒေါ်တင်တင်အိ (အမည်လွဲ)

CDM လှုပ်ရှားမှုမှာက ကျွန်တော်တို့လို လူငယ်တွေများတယ်။ တချို့လူတွေက အွန်လိုင်းကပဲ ကျွန်တော်တို့လို လူငယ်တွေကို ရှေ့ထွက်အောင် မြှောက်ပေးနေကြတာ။ သူတို့က လမ်းမပေါ်ထွက်မလာကြဘူး။

 မောင်နေမျိုး (အမည်လွှဲ)

CDM နှင့် ထိခိုက်ခံစားရသည့် ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ အငြိမ်းစားဝန်ထမ်းများ၏ စကားသံများ တွေ့ဆုံမေးမြန်း

ကိုသစ္စာ (KL)

CDM မှာ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ပထမဆုံးလူမှု စီးပွားဘဝအခက်အခဲတွေကို ကြုံတွေ့ရတာက အခြေခံ ပြည်သူလူထုပါပဲ။ ဒါကြောင့် ပြည်သူလူထုရဲ့ ဘဝများစွာအတွက် CDM လှုပ်ရှားမှုကို ဆက်လက်မဆောင်ရွက်စေချင်တော့ဘူး။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ

 ဦးမင်းမောင်(အမည်လွှဲ)