ပြည် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိစောင်းတန်းတော်ကြီးတွင် စက်လှေကားတပ်ဆင်ရန် အသစ်ပြန်လည်တည်ဆောက်တော့မည်ဖြစ်သဖြင့် အဆိုပါစောင်းတန်းတော် အသစ်တည်ဆောက်မှုနှင့် စက်လှေကားတပ်ဆင်မှုတို့တွင် အများပြည်သူ အလှူငွေများ စုပေါင်းထည့်ဝင် ကုသိုလ်ပြုပါဝင် လှူဒါန်းနိုင်ရန် စေတီတော်ရင်ပြင်၌ အလှူခံဌာနဖွင့်လှစ်ထားရှိပြီး ရပ်ဝေး/နယ်ဝေးမှ စေတနာရှင်အလှူရှင်များ အနေဖြင့်လည်း စေတီတော်ဂေါပကအဖွဲ့ရုံးသို့ မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
အဆိုပါ တောင်ဘက်စောင်းတန်းတော်အသစ်တည်ဆောက်မှုနှင့် စက်လှေကားတပ်ဆင်မှုတို့ ဆောင်ရွက်ပြီးစီးပါက ဘုရားဖူးလာပြည်သူများအနေဖြင့် စေတီတော်ရင်ပြင်ပေါ်သို့ ယခင်ကထက်ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စွာနှင့် စိတ်ချမ်းမြေ့သာယာစွာ တက်ရောက်ဖူးမြော်ကုသိုလ်ပွားများနိုင်ကြမည်ဖြစ်ရာ စက်လှေကားကို မဟာမြိုင်သဲဖြူဆရာတော်ဘုရားကြီး၏တပည့်ဒါယကာ Mother Construction Co; Ltd မိသားစုက ဝယ်ယူလှူဒါန်းထားကြောင်းနှင့် (သာသနိကအဆောက်အဦ) စောင်းတန်းတော်အသစ်တည်ဆောက်မှုနှင့် စက်လှေကားတပ်ဆင်မှုကို အများပြည်သူစုပေါင်းကောင်းမှုဖြင့်ဆောင်ရွက်မည်ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ပြုပါဝင်လှူဒါန်းလိုပါက စေတီတော်ဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် ၀၅၃-၂၅၀၃၅နှင့် ၀၅၃-၂၅၁၈၀ တို့သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)