မုဒုံ ၂၁ ဇွန်
မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကြီးကန်နှင့် ဝင်းဖနုံဆည်တို့တွင် ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၁၅၀၀၀) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ရာတွင် ကန်ကြီးကန်တွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၅၀၀၀)နှင့် ဝင်းဖနုံဆည် တွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကို အခမဲ့စိုက်ထည့်ပေးကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို ငါးမျိုးစိတ်များ တိုးပွားစေရန်နှင့် ငါးသယံဇာတများကို ထိန်းသိမ်းရန် ရည်ရွယ်၍ စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


