မြဝတီ ၂၃ မေ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်နေ့မှစပြီး လက်ခံခဲ့ရာ ယနေ့ မေ ၂၃ ရက်နေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၆၀၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များ ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်တွင် ၆၀ ဦး၊ ၂ ရက်တွင် ၅၄ ဦး၊ ၃ ရက်တွင် ၁ ဦး၊ ၄ ရက်တွင် ၄၄ ဦး၊ ၅ ရက်တွင် ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက်တွင် ၁၀ဝ ဦး၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊ မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊ မေ ၁၅ ရက်တွင် ၁၂၀ ဦး၊ မေ ၁၆ ရက်တွင် ၇၆ ဦး၊ မေ ၁၇ ရက်တွင် ၉၀ ဦး၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၉ ရက်တွင် ၆၄ ဦး၊ မေ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ယနေ့ မေ ၂၃ ရက်နေ့တွင် ၆၀၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၃၈၈ ဦးထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ပြန်လည်ဝင်ရောက် သူများနှင့် မေ ၁၇ ရက်တွင် ဝင်ရောက်သူ ၉၀ ဦးအနက် ၄၅ ဦးအနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရ ပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက် လွှဲပြောင်းပို့ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကချင်ပြည်နယ်မှ ၃ ဦး၊ ကယားပြည်နယ်မှ ၁ ဦး၊ ကရင်ပြည်နယ်မှ ၃၅ ဦး၊ မွန်ပြည်နယ်မှ ၂၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၂၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဦး၊ နေပြည်တော်မှ ၂၅ ဦး၊ ရှမ်းပြည်နယ်မှ ၁၄ ဦး၊ တနင်္သာရီ ၃ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၃၅ ဦး စုစုပေါင်း ၆၀၄ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


