နေပြည်တော် ၂၃ ဧပြီ
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်မြို့ရှိအဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူးခန့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၁၅၇ ဗိုလ်လောင်း မင်းဇင်ဦး အား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်း များ၏ အလေးပြုခြင်းကိုခံယူပြီး ပြန်လည်ထွက်ခွာသည်။
သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် ဧည့်ခန်းမဆောင်၌ ဆုရဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ သင်တန်းဆင်းဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)


