ပုလဲ  ၁၃  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး  ပုလဲမြို့နယ် ရွာနောင်ကျေးရွာအား ထောက်ပံ့သည့် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာတို့ကို မီးဘေးသင့်သည့် ကိုင်းတွင်း ကျေးရွာသို့ ပြန်လည်လှူဒါန်းကြောင်း အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ က ပြောကြားသည်။

 

852

 

ရွာနောင်ကျေးရွာတွင် အိမ်ထောင်စုဦးရေ ၃၀ဝ စု၊ လူဦးရေ ၁၅၀ဝ နေထိုင်လျက်ရှိပါကြောင်း၊  တောင်သူများ အနေဖြင့် ၇၅ ရာခိုင်နှုန်းနှင့် သာမန်လူတန်းစား ၂၅ ရာခိုင်နှုန်းသည် အသက်မွေးဝမ်း ကျောင်းအတွက် ဈေးရောင်းပြီး စီးပွားရေးလုပ်ကိုင်လျက်ရှိပါကြောင်း၊  နွေးစပါး၊ မိုးစပါး၊ နှမ်းနှင့် ပဲအမျိုး မျိုးတို့လည်း ရာသီအလိုက်ရရှိပါကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့သည့် စားကုန်များကို လက်ခံရန် သင့်၊ မသင့် ကျေးရွာအတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖတို့ဖြင့် အစည်းအဝေး ပြုလုပ်ပါကြောင်း၊  အစည်းအဝေးဆုံးဖြတ်ချက်အရ  ထောက်ပံ့သည့် စားကုန်များအား ကိုင်းတွင်းကျေးရွာ မီးဘေး သင့်ပြည်သူများသို့  ပြန်လည်လှူဒါန်းရန်  သဘောတူခဲ့ပါကြောင်း၊    ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ အယူပြရန်လိုအပ်သည့်အတွက်  မိမိတို့ရွာအနေဖြင့် အခြေခံလူတန်းစား ၂၀ အတွက် အယူပြပြီး၊ ပုလဲမြို့ နယ်အုပ်ချုပ်ရေးမှူးရှေ့တွင် ကိုင်းတွင်းကျေးရွာသို့ လှူဒါန်းခဲ့ကြောင်း  အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

 

မိမိတို့အနေဖြင့် စာဝတ်နေရေးအဆင်ပြေသည့်အတွက် မီးဘေးသင့်သည့် ကိုင်းတွင်းကျေးရွာ၌ စားဝတ် နေရေး အခက်အခဲဖြစ်နေသည့်အတွက် ပြန်လည်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ အဆင်ပြေ ပြေစားနိုင်သည့် လူတန်းစားများအတွက် အခက်အခဲမရှိသော်လည်း အခြေခံလူတန်းစားများအတွက် ဆန် ၈ ပြည်နှင့် ကျန်စားကုန်များသည်  ဝမ်းစာအတွက် အင်မတန်မှအရေးကြီးပါကြောင်း၊  နိုင်ငံတော်မှ ထောက်ပံ့မှုများသည် ကျေးရွာအဆင့် အောက်ခြေအထိရောက်အောင် ပံ့ပိုးပေးသည့်အတွက် ဝမ်းသာပါ ကြောင်း ရွာနောင်ကျေးရွာနေ ဦးအောင်နိုင်ထွန်း က ပြောကြားသည်။

 

မွှေးကြူဇင်