ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၃၀ဝ၀ဝ ကျော်ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

၃၀ မတ်

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် တနင်္ဂနွေနေ့အထိ သေဆုံးသူအရေအတွက် ၃၀၁၀၅ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၆၃၈၁၄၆ ဦးရှိသည့်အနက် တရုတ်နိုင်ငံ ပြင်ပ ကူးစက်သူ အရေအတွက် မှာ ၅၅၅ ၇၉၀ ဦး ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်သူ အရေအတွက် ၁၀၃၃၂၁ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဉရောပတွင် ကူးစက်ခံရသူ ၂၀ဝ၀ဝ ကျော် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။

၁၄၈ နိုင်ငံနှင့်ဒေသများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူထု၏ စိတ်ကျန်းမာရေးအပေါ် ကမ္ဘာတစ်ဝန်း  ကူးစက်ပျံ့နှံ့သော ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံအာဏာပိုင်များက အတူတကွ စောင့်ကြည့်နေပြီး အစိုးရနှင့် ပြည်သူများအား သတင်းအချက်အလက်နှင့် လမ်းညွှန်မှုများ စီစဉ်ပေးနေကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို