ရေစကြို  ၄  မတ်

 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းတောကျေးရွာတွင် ကိုကြီးကျော်နတ်ပွဲကို တပေါင်းလဆန်း ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာမပျက် ကျင်းပလျက်ရှိရာ  ယခင်နှစ်တွေထက် နတ်ပွဲလာသူ နည်းပါး သောကြောင့်  အချို့ဈေးသည်များ ရောင်းအားကျလျက်ရှိသော်လည်း  တောင်သူသုံး တောင်းမျိုးမျိုးမှာ  ယခင်နှစ်များထက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

 

963.

 

ဒီနှစ်ရောင်းအား အခြေအနေမဆိုးဘူး အသီးအပင်တွေ ကောင်းတဲ့အခါကျတော့ ရောင်းလို့လည်း ကောင်းတယ် ဧည့်သည် ပါးတာက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ဘာတွေ လူတွေကကြောက်ကြတော့ ရပ်ဝေးက သိပ်မလာတာပေါ့။ ရောင်းလို့ကောင်းတယ်ဆိုတာက ဒီနားနယ်မြေက တောင်သူနယ်မြေလေ ဒီနှစ်တောင်သူတွေ အသီးအနှံတွေ ကောင်းကြတော့ တောင်းကလည်း ရောင်းလို့ကောင်းတာပေါ့။ ဟု တောင်းရောင်းသူ ဦးသာကျောက်ကပြောသည်။

                       

အဆိုပါ တောင်းများကို   တင်းဝင်တောင်း ၁ တောင်းလျင် ငွေကျပ် ၈ ထောင်၊ ခွဲတောင်း ၁ တောင်းလျှင် ငွေကျပ် ၅ ထောင်၊ ၆ ပြည်ဝင် ၁ တောင်းလျင် ငွေကျပ် ၁၅၀ဝ ကျပ်စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ နတ်ပွဲတွင် ရောင်းချသည့် တောင်း၊ ဆန်ကော စသည့် တောင်သူသုံးပစ္စည်းများမှာ ရေစကြိုမြို့နယ်ထွက် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

 

အိမွန်ဆွေ(ရေစကြို)