နေပြည်တော် ၁၄ ဖေဖော်ဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်ဟွာ နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါ ဝန်ကြီးရုံးဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံသို့ ကိုးရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား လက်မှတ်ရေး ထိုးခဲ့သည့် ကုန်သွယ်မှုနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးစာချုပ်နှင့် Korea Desk တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့နှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)