၁၄ ဖေဖော်ဝါရီ
ပေါ်တူဂီသမ္မတ မာစီလို ရီဘယ်လို ဒီ ဆိုဆာ သည် လေးရက်ကြာခရီးစဉ်အဖြစ် နယူးဒေလီမြို့သို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ ထိုခရီးစဉ်သည် ပေါ်တူဂီသမ္မတ၏ အိန္ဒိယနိုင်ငံသို့သွားရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်သည်။
မာစီလို ရီဘယ်လို ဒီ ဆိုဆာ ကို သောကြာနေ့တွင် သမ္မတအိမ်တော် ရှေ့မျက်နှာစာတွင် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်ပြီး ထို့နောက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ နှင့် တွေ့ဆုံမည် ဖြစ်သည်။
နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုး ဖလှယ်ကြမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန က ထုတ်ပြန်သော တရားဝင်ခရီးစဉ်တွင် ဖော်ပြထားသည်။
မာစီလို ရီဘယ်လို ဒီ ဆိုဆာ သည် အိန္ဒိယသမ္မတ ရာမ်နပ်ကိုဗင်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။
စနေနေ့တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်း သို့ ရောက်ရှိမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို