နေပြည်တော် ၁၄ ဖေဖော်ဝါရီ
အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ကုတင်(၁၀ဝ၀)နေပြည်တော်၌ အသုံးပြုရန်အတွက် ဆေးနှင့်ဆက်စပ် ပစ္စည်းများတင်ဆောင်မည့် Medicine Trolley စင် (၂)စင်အား မြိတ်မြို့နေ ဦးထိန်ဝင်း (ပြန်/ဆက်ဦးစီးဌာန)၊ ဒေါ်နွဲ့နွဲ့ရီ(ဒု-လဝကမှူး)မိသားစုမှ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှုဌာန အဆောင်(၂၇)တွင် လှူဒါန်းပေးအပ်ရာ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကုသမှုဌာန ဌာနမှူး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်သမားတော်ကြီး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ထွန်းနှင့် ပါရဂူများ၊ ဆေးမှူးများက လက်ခံရယူကြသည်။
ယင်းနောက် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်သမားတော်ကြီး ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင် ဦးထိန်ဝင်း မိသားစုထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။
၎င်းအလှူရှင် ဦးထိန်ဝင်း(ဓာတ်ပုံကျွမ်းကျင်-၂)သည် ကျောက်ကပ်တွင် ကျောက်တည်နေသဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး၊ ကုတင်(၁၀ဝ၀)ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှုဌာန အဆောင် (၂၇) တွင် ခွဲစိတ်ကုသမှုခံယူရင်း ကျေးဇူးတုန့်ပြန်သောအားဖြင့် ယခုကဲ့သို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


