မော်ကျွန်း ၁၈ နိုဝင်ဘာ       

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (မော်ကျွန်း) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုဝင်ဘာ ၁၈  ရက်က ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မော်လမြိုင်ကျွန်းမြို့နယ် အထက (၁)၌ ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားလူငယ်များ လာရောက်ပါဝင် ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ၊ ပြင်ဆင်ဆောင်ရွက် ခြင်း၊ပြိုင်ပွဲနှင့် အားကစား ပွဲပြုလုပ်ရန်နေရာပြင်ဆင်ခြင်း၊ စာအုပ်အရောင်းပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်‌ဖြေရေးခန်းမများ၊ စာဖတ်ခန်းများပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

မော်လမြိုင်ကျွန်းမြို့နယ် ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေ ဟော‌ပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ပညာရေးပြခန်း၊ ကလေးစာဖတ်ခန်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

မော်လမြိုင်ကျွန်း(ပြန်/ဆက်)