နေပြည်တော် ၃၁ အောက်တိုဘာ
ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီး၏ အထူးပြုဘာသာရပ်များအတွက် ပထမနှစ်နေ့သင်တန်းများကို ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ၂၀၁၉-၂၀၂၀ ပညာသင် နှစ် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများစာရင်းကို အောက်တိုဘာ ၂၅ ရက်မှစပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးတွင် ကြေညာထားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm ၊ http://www.dhe.gov.mm တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံးကိုလည်း ဒီဇင်ဘာ ၂ ရက်မှစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


