ပြင်ဦးလွင်   ၁၄  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၏   ပန်းအလှပွဲတော်၊ ပိတ်ချင်းမြောင် လိုဏ်ဂူတော်၊  ပွဲကောက်ရေတံခွန်၊ တရုတ် ဘုံကျောင်း၊ နှီးဘုရား၊ ဓာတ်တော်ချိုင့် ရေတံခွန်များသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ သီတင်းကျွတ်ပိတ်ရက် အားလပ်ရက်အတွင်း လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြသည်။ 

 

ေ

 

ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားဖြစ်သည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးအား  ဦးစွာဖူးမျှော်ကာ  မိမိတို့၏ ကောင်းမွန်သော အလှူဒါနနှင့်အတူ  လိုရာဆုများတောင်းပြီး သမိုင်းဝင်း ပိတ်ချင်းမြှောင် လိုဏ်ဂူတော်အတွင်းရှိ ဘုရားအား ရှစ်ခိုးပူဇော်ကန်တော့၍ ဆေးဝါးများကို ဝယ်ယူကြကာ သဘာဝ ရေစီးဆင်းလျှက်ရှိသော ပွဲကောက်ရေတံခွန်တွင် ရေကစားအပန်းဖြေခြင်း၊  အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ ပန်းအလှဆင်နည်းပညာများ၊ ပန်းစိုက်ပျိုး နည်းပညာများ၊ ပန်းမျိုးများ အကြောင်းကို လေ့လာရင်း မိသားစုနှင့်အတူ တစ်နှစ်တာရဲ့ ပင်ပန်းနွမ်းနယ်မှုများကို အပန်းဖြေ အနားယူလျက်ရှိကြသည်။ 

 

ေ

 

ယခုလို သီတင်းကျွတ် ပိတ်ရက်ကာလများတွင်   မိသားစုနှင့်အတူ မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့ (ပန်းမြို့တော်)ရှိ တန်ခိုးကြီးဘုရားနှင့် အပန်းဖြေ ဥယျာဉ်များသို့ လာရောက် လည်ပတ်ရသည့် အတွက် စိတ်ကိုလန်းဆန်းစေခြင်း၊ ဒေသထွက်ပစ္စည်းများကို ဝယ်ယူရရှိခြင်းတို့ဖြင့် အလွန်ပင်ဝမ်းသာ ပီတိဖြစ်ရပါကြောင်း ခရီးသွားပြည်သူတစ်ဦးဖြစ်သည့်  ဦးအောင်စိုးမှ ပြောသည်။

 

ေ

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)