၁၂ မတ်
ရိုးမ အုပ်စု (YOMA Strategic Holdings) နဲ့ Grab တက္ကဆီ ကုမ္မဏီတို့ရဲ့ စီးပွားရေးသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ အဆင့်မြင့် အငှားယာဉ် လုပ်ငန်းဖြစ်လာအောင် Grab တက္ကဆီကားသမားတွေကို ရိုးမ အုပ်စုကနေ ကူညီသွားမယ်လို့ သိရပါတယ်။
Grab စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ အငှားယာဉ်လုပ်ငန်း (Grab Taxi Plus)၊ စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် Grab စတာတွေမှာ Grab တက္ကဆီမောင်းသူတွေအတွက် အရည်အသွေးကောင်းတဲ့ ကားတွေ သိပ်မကြာခင်မှာ သုံးစွဲသွားမည်ဖြစ်ကြောင်း ရိုးမ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့အတွက် အငှားကား အစီးရေ ၇ သောင်း လောက် ထည့်သွားမယ်၊ အဲဒီကားတွေက ကားအသစ်တွေဖြစ်မယ်၊ ခရီးသွားတွေ လုံခြုံစိတ်ချရအောင် ကားတွေကိုလည်း ပုံမှန် စစ်ဆေးသွားမယ်လို့ ဆိုထားပါသေးတယ်။
MDN