ကော့ကရိတ်  ၃ စက်တင်ဘာ


ကျောင်းသူ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေး၊ ကာယဉာဏ စွမ်းရည်တိုးတက်စေရေး၊ လူငယ်များအနေဖြင့် လူကုန်ကူးမှုမခံရစေရေး ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကို ယနေ့နံနက် ၁၀ နာရီချိန်က ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့သည်။


ပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁၆)ဦး၊ အလယ်တန်းဆင့်(၁၅)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသူ ကျောင်းသားများကို လာမည့်စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ခင်မျိုးဝင်း(ခရိုင် ပြန်ဆက်)