နေပြည်တော် ၅ သြဂုတ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို နေပြည်တော်မီးသတ် ဦးစီးမှူး၊ ဗဟိုမီးသတ်စခန်းတွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်အရာရှိကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် အုပ်စုလိုက်မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ Road Accident (ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု) တစ်ဦးချင်းအလိုက် မီးငြှိမ်းသတ်ရေး ဝတ်စုံဝတ်ဆင်ခြင်း၊ အသက်ရှူ ကိရိယာဝတ်ဆင်ခြင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ခင်းကျင်းခြင်းတို့ကို နေပြည်တော်မီးသတ် ဦးစီးမှူးရုံးအောက်ရှိ သီရိ(၅)မြို့နယ်နှင့် ပျဉ်မနား၊ လယ်ဝေး၊ တပ်ကုန်းအပါ မြို့နယ်(၈)မြို့နယ် မီးသတ်စခန်းအသီးသီးမှ တပ်ဖွဲ့ဝင်(၇၂)ဦးတို့ ယှဉ်ပြိုင်ကြပြီး ဆုရရှိသောမြို့နယ်များအား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများက ဆုများချီးမြှင့်ကြကြောင်း သတင်းရရှိသည်။
ခရိုင်မြို့နယ်နှင့် နယ်မြေစခန်းများအလိုက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို မိုးရာသီကာလတွင် Training ပိုင်းနှင့် Precaution၊ Prevention ပိုင်းများကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲတွေကတော့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တပ်ဖွဲ့ဝင်များနေဖြင့် ပိုမိုကြံ့ခိုင်ပြီး စွမ်းရည်ပြည့်ဝစေရန် လူ/ပစ္စည်းတွေရဲ့ စွမ်အားကို အသုံးပြုပြီး နိုင်ငံတော်နှင့် ပြည်သူတွေ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရတဲ့အချိန် အပြည့်အဝကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
MDN
Photo – Myanmar Fire Service


