မန္တလေး ၃ သြဂုတ်
ရှေ့နေများကွန်ရက်၊ အထက်မြန်မာနိုင်ငံမှ အရည်အသွေးမြင့်တင်ရေး (Capacity Building) အစီအစဉ်အရ အပတ်စဉ် တရားလွှတ်တော်ရှေ့နေကြီးများက ဦးဆောင်၍ အခမဲ့မေတ္တာဖြင့် သင်ကြားပေးလျှက်ရှိရာ သြဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့ ၆၂ လမ်း ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ပညာဒါကျောင်းဆောင်တွင် ယခုသြဂုတ်လအတွက် သြဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် သင်ကြားပို့ချလျှက်ရှိသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ဦးစိုးလှ (ဥက္ကဋ္ဌ) ချမ်းမြသာစည်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အထူး/အထွေထွေ ဥပဒေ-၁၁ကို ဆွေးနွေးရာ ပို့ချဆွေးနွေးချက်များမှာ သက်သေခံဥပဒေနှင့် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ဥပဒေဆက်နွယ်မှု ရှင်းလင်းဆွေးနွေးခြင်း သက်သေခံဥပဒေအမျိုးအစားရှင်းလင်းခြင်း ပြည်ထောင်စုလွှတ်တော် ရှေ့နေအမတ် ၂၂/၂၀၁၉ (၂၃.၇.၂၀၁၉) ၏ ပြဋ္ဌာန်းချက်များကို အထူးပြုရှင်းလင်းဆွေးနွေးခြင်း၊ ပုဒ်မ ၉၁(က) ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေများက သေဒဏ်ထိုက်သော ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသည့် ကလေးသူငယ်ကို နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးခြင်း (၁) ပြစ်မှုတစ်ခုခုဖြင့် ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း(သို့) အကျဉ်းချမှတ်ခံရသည့် ကလေးသူငယ်သည်လည်းကောင်း ထူးခြားသည့်အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလိုသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေသည် လည်းကောင်း (၂) (ဥပဒေဆိုင်ရာ အထောက်အကူရရှိနိုင်ရန်) မိမိတို့၏ ကလေးသူငယ်မှုခင်းနှင့် သက်ဆိုင်သည့်ဒေသရှိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ တောင်းခံနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
သြဂုတ်လ ၄ ရက်နေ့တွင် ဒေါက်တာသန်းထွန်းက (အမှုစစ်ရဲတာဝန်နှင့် ရှေနေပြန်လှန်မေး ခေါင်းစဉ်ဖြင့် သင်တန်းပို့ချမည်ဟု သိရှိရသည်။ သင်တန်းသို့ သင်တန်းသား တင်တန်းသူ ၄၅ ဦး တက်ရောက်သည်ဟု သိရှိရသည်။ ယခုအချိန်အပါအဝင် အပတ်စဉ်သင်တန်း ပို့ချသည်မှာ ၂၉၈ ကြိမ်ရှိပြီကြောင်း သိရသည်။
ခင်ခင်ဝင်း(ပညာရေး)


