တနိုင်း   ၁၇   ဇူလိုင် 


တနိုင်းချောင်းရေသည် ဇူလိုင်(၁၆)ရက်နေ့ ညနေ (၅)နာရီ တိုင်းထွာချက်အရ  စိုးရိမ်ရေအမှတ်(၂၁)ပေအောက် (၁၅.၁၁) ပေသို့ ကျဆင်းသွားပြီဖြစ်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့၏ စီစဉ်မှုဖြင့်  ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက ရေဘေးသင့်ပြည်သူများ ၎င်းတို့၏ နေရပ်အသီးသီးသို့  ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

1

 


တနိုင်းမြို့နယ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု  ၉၈  စု လူဦးရေ  ၃၄၁ ဦးအတွက် တနိုင်းမြို့ လီဆူနှစ်ခြင်း အသင်းတော်လူငယ်များအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့မှလည်းကောင်း လှူဒါန်းခဲ့ကြသည်။


ထို့အပြင် ဂျိုဆာဒီးကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ဆန်(၁)အိတ်နှင့် ရေသန့်ဘူးကြီး(၁၀)ဘူး၊ ဂျိုဆာဒီး ကျေးရွာရှိ တံတားဦးဘုန်းတော်ကြီးကျောင်းအတွက် ဆန်(၁)အိတ်တို့အား အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း မြို့နယ်( ပြန်/ဆက် )မှ သိရသည်။


MDN