ရန်ကုန် ၄ ဇူလိုင်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လက်ရှိပျံသန်းနေသော ပြည်တွင်းခရီးစဉ် တစ်ခုဖြစ်သော ရန်ကုန်-မကွေး-ရန်ကုန် လေကြောင်းလိုင်းအား ဇူလိုင် ၁၂ ရက်နေ့မှစ၍ အပတ်စဉ်အင်္ဂါ နှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR-72-600 ဖြင့် အင်္ဂါနေ့တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၆ နာရီခွဲတွင်ထွက်ခွာပြီး မကွေးမြို့သို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး မကွေးမြို့မှ နံနက် ၁၀ နာရီ ၅၅ မိနစ်ထွက်ခွာပြီး ရန်ကုန်မြို့သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ သောကြာနေ့တွင် ရန်ကုန်မမြို့မှ နံနက် ၁၁ နာရီ ခွဲတွင် ထွက်ခွာ၍ မကွေးမြို့သို့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး မကွေးမြို့မှ ညနေ ၄ နာရီ ၃၅ မိနစ်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ၅ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခ ငွေကျပ် ၆၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

မကွေးလေဆိပ်သည် ၂၀ဝ၀ ၂၀ဝ၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၂၀ဝ၃ ခုနှစ်တွင် လေယာဉ်ကွင်း စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်များစတင်ပြေးဆွဲခဲ့သည်။ ယင်းလေယာဉ်ကွင်းသည် ၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း လေယာဉ်များ ပြေးဆွဲ အသုံးပြုခဲ့ပြီး စီးနင်းသည့်ခရီးသည် နည်းပါးသည့်အတွက် ခရီးစဉ်များရပ်နားခဲ့ရသည်။ ယခုအခါမြန်မာအမျိုးသား လေကြောင်းမှ အပတ်စဉ်အင်္ဂါနှင့် သောကြာနေ့များ တစ်ပတ်လျှင်နှစ်ကြိမ် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ပြည်တွင်း ၂၈ မြို့တွင်လည်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး

 

mdn