ပေကျင်း ဇွန် ၁၃
တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လွှမ်းခြုံမှုသည် ၂၀၂၅ ခုနှစ် အတွင်း နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မီကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
ပထမဆုံးအကြိမ်အဖြစ် အစိမ်းရောင် စွမ်းအင်က နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဇွန် ၁၂ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးရေးအစီရင်ခံစာအရ တရုတ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုစွမ်းရည်သည် ပြီးခဲ့သည့်နှစ်က စံချိန်တင်မြင့်မားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်စွမ်းအား ၃၀၀ ဂစ်ဂါဝပ်ခန့် ထပ်မံထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံ၏ စိမ်းလန်းစိုပြည်ပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော စွမ်းအင်အသွင် ကူးပြောင်းမှုကို ဆက်လက်ထိန်းသိမ်းနေကြောင်း သိရသည်။
ဒေသတွင်း ဓာတ်အားလိုင်းသုံးစွဲမှုနှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုတို့တွင် သိသိသာသာတိုးတက်လာခြင်းနှင့်အတူ ဆိုလာလျှပ်စစ်ထုတ်လွှတ်သုံးစွဲမှုသည် နှစ်နှစ်ဆက်တိုက် ၁၀၀ ဂစ်ဂါဝပ်ထက် ကျော်လွန်ခဲ့သည်။
အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေး ဌာန၏အဆိုအရ တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုသည် ၂၀၂၅ ခုနှစ်တွင် ၄ ထရီလီယံကီလိုဝပ်နာရီအထိ ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံ၏ ပေါင်းစပ်ဓာတ်အား သုံးစွဲမှုပမာဏထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ကို တည်ဆောက်ခဲ့ပြီး အစိမ်းရောင်အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် ကတိပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


