မောတောင်မြို့၌ အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
မောတောင် ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နယ်မြေခံ တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျာထွေး ဦးဆောင်၍ တပ်မတော်သားများ၊ မောတောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဒေသခံ ပြည်သူများက ကျောင်းပတ်ဝန်းကျင်ရှိ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ဖယ်ရှားခြင်းနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


