ပေကျင်း  ဇွန်  ၁၁

သိပ္ပံပညာရှင်များသည် သမုဒ္ဒရာကြမ်းပြင်ပေါ်တွင် ကမ္ဘာ့အနက်ဆုံးနှင့် အကြီးမားဆုံး ဝေလငါးအကြွင်းအကျန်များ စုဝေးတည်ရှိနေသည့် နေရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ယင်းနေရာကို “Whale  Necropolis” (ဝေလငါးသင်္ချိုင်းကြီး) ဟု ခေါ်ဆိုခဲ့ကြသည်။

အိန္ဒိယသမုဒ္ဒရာ အရှေ့တောင်ပိုင်းရှိ ဒိုင်ယာမန်တီနာဇုန်အတွင်း အနက် မီတာ ၇၀၀၀ ခန့်ရှိသော နေရာ၌တွေ့ရှိခဲ့သည့် အဆိုပါရှာဖွေတွေ့ရှိမှုတွင် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အနည်းဆုံး နှစ်ပေါင်း ၅ ဒသမ ၃ သန်းကြာ ဖွဲ့စည်းတည်ရှိလာခဲ့သော whale-fall (ဝေလငါး သေကောင်များကို   မှီခိုနေထိုင်သည့်)ဂေဟစနစ်များ ပါဝင်ကြောင်း သိရသည်။

တရုတ်၊ အီတလီနှင့် နယူးဇီလန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါ သုတေသနကို ကမ္ဘာကျော်  Nature သိပ္ပံဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဆင်ဟွာ