ဘာလင်   ဇွန်   ၁၁

ကမ္ဘာပေါ်တွင် အပူချိန်မြင့်တက်လာခြင်းကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဆိုင်ရာရုံးက ဇွန်  ၁၁  ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာပေါ်ရှိ အစိုးရများအတွက် အပူဒဏ်ကာကွယ်ရေးလုပ်ငန်းမူဘောင်တစ်ခု ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျန်းမာရေးလမ်းညွှန်ချက်များသည် လက်တွေ့ကျသည့် အကြံပြုချက်အပေါ် အခြေခံထားပြီး အဆိုပါလမ်းညွှန်ချက်အရ ဒေသန္တရအပူဒဏ်ကာကွယ်ရေးစနစ်များကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။

အပူလွန်ကဲမှုသည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျန်းမာရေးပြဿနာများဖြစ်လာစေရန် အထောက်အကူပြုနေပြီး ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများသည်  အပူဒဏ်ကြောင့်  သေဆုံးမှုများကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဥရောပဒေသသည် အခြားဒေသများထက်    မြန်ဆန်စွာပူနွေးလာနေပြီး  ပြီးခဲ့သည့်လေးနှစ်အတွင်း ဥရောပတစ်ဝန်းရှိ လူပေါင်း ၂၀၀၀၀၀ သည် အပူကြောင့် သေဆုံးခဲ့ရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလုက ပြောကြားသည်။

ယခုထုတ်ပြန်သည့် အပူဒဏ်ကာကွယ်ရေးလမ်းညွှန်ချက်သည် အပူဒဏ်ကာကွယ်ရေးအတွက် တိကျသည့် ညွှန်ကြားချက်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ