လွိုင်ကော် ဇွန် ၁၁

 

ကယားပြည်နယ် သူနာပြုသိပ္ပံ(လွိုင်ကော်) အမှတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားကို သူနာပြုသိပ္ပံ(လွိုင်ကော်) သင်တန်းသူများက “ပြည်ထောင်စုရဲ့ ထာဝရအလှ သီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ပညာ သင်နှစ် ပညာရည်ချွန် ပထမဆုနှင့် ဒုတိယဆု ရရှိသူများကိုလည်းကောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆု ရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် သူနာပြုသိပ္ပံ(လွိုင်ကော်) ဒုတိယကျောင်းအုပ်ကြီးက သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းကာ သူနာပြုသိပ္ပံ(လွိုင်ကော်) သင်တန်းသား သင်တန်းသူများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)