အမေရိကန်နာမည်ကျော်တင်းနစ်မယ်   အီဗာယိုဗစ်ချ်သည်  HSBC Championships တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန္ဒြားအယ်လာကို ၆-၂၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး  ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ယိုဗစ်ချ်သည် ၃၂ ဦးအဆင့်တွင် ခရိုအေးရှားတင်းနစ်မယ် ရူဇစ်ကို ၆-၃၊ ၆-၄ ရလဒ်ဖြင့်  နိုင်ပွဲရယူပြီး  ၁၆ ဦးအဆင့်  တက်လှမ်းလာသူဖြစ်သည်။

အယ်လာသည်  ဇွန် ၇ ရက်က ဘာမင်ဂမ်ကလက်ဆစ်တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲတွင်   ပြိုင်ဘက် ချက်ဇ်တင်းနစ်မယ် ဘာတွန်ကိုဗာကို အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးထားနိုင်သော်လည်း ယခုပြိုင်ပွဲတွင် ၁၆ ဦးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်သည်။

HSBC Championships ပြိုင်ပွဲကို ကမ္ဘာ့အဆင့်(၂) ကာဇက်စတန်တင်းနစ်မယ် အီလန်နာ ရွိုင်ဘာကီနာ အပါအဝင် ဘော်လ်တာ၊ ဘင်းဆစ်၊ ဆာစတီယန်၊ အမ်ဘိုကိုတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။   

အောင်ဇော်