ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို  ခေါ်ယူမည်ဖြစ်ပြီး အဆိုပါကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို  ပေါင်သန်း ၁၂၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် အသင်းဟာ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနား ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကာလရှည်ကြာ စိတ်ဝင်စားနေတဲ့ ကမ္ဘာ့ကလပ်အသင်းအများစုထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပြီး အန်ဇိုဖာနန်ဒက်ဇ်ကလည်း တစ်နေ့နေ့မှာ မက်ဒရစ်မြို့၌ နေထိုင်သွားဖို့ရှိကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ဘင်ဖီကာအသင်းဆီကနေ ခေါ်ယူခဲ့စဉ်က  ပြောင်းရွှေ့ကြေးပေါင်  ၁၀၆ ဒသမ ၈ သန်း ကုန်ကျခဲ့တာဖြစ်ပြီး ၂၀၃၂ ခုနှစ်အထိ  စာချုပ်ချုပ်ဆိုထားတာ  ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ အိုလစ်ကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက  ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးပေး ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပြောင်းလဲစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ဟာ လက်ရှိမှာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားအသင်းနဲ့အတူ  ပါဝင်ယှဉ်ပြိုင်ကစားဖို့ လေ့ကျင်ပြင်ဆင်နေတာဖြစ်ပါတယ်။                                                      

ငွေကြယ်