ရေတာရှည် ဇွန် ၁၀ 

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အမှတ် (၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

 

ထိုသို့ စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ပဏာမမျက်စိအမြင်စွမ်းအား စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာများ ကြည့်ရှုကုသပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)