ဘားအံ ဇွန် ၁၀

 

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်မှ ၉ ရက် ထိကျင်းပရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင် တက်ရောက်၍ အဓိကသီးနှံများ လျာထားဧက ပြည့်မီကျော်လွန်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ၂၀၂၆-၂၀၂၇ မိုးစပါး တစ်ဧကအထွက်နှုန်း တိုးတက်စေရန် မိုးကြိုထယ်ရေးခံခြင်း ဆောင်ရွက်ပြီးစီးမှု၊ သဘာဝမြေဩဇာ ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ စူပါဘိုကာရှီ ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့်အစီအစဉ် စသည်တို့ကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများအလိုက် စိုက်ပျိုးလုပ်ကိုင်မည့် အစီအစဉ်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)