ရန်ကုန် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဍ)အတိုးရငွေဖြင့် ကျေးရွာအတွင်း အောင်သပြေလမ်းမပေါ်ရှိ လူငယ်အားမာန်စာကြည့်တိုက် ပြန်လည်ပြုပြင် ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းအား မြစိမ်းရောင်(ငါးကဏ္ဍ)အတိုးရငွေမှ ငွေကျပ် သိန်းတစ်ရာနှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၃၄ သိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်ထွန်း


