နာမည်ကျော် ဖိလစ်ပိုင်တင်းနစ်မယ် အဲလက်ဇန္ဒြား အယ်လာသည် ဘာမင်ဂမ်ကလက်ဆစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ချက်ဇ်တင်းနစ်မယ် နီကိုလာ တာတွန် ကိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၅-၇၊ ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ယခုနှစ် ပထမဆုံးဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အယ်လာသည် ဆီမီးဖိုင်နယ်တွင်လည်း ဆွစ်ဇာလန်တင်းနစ်မယ် ရေဘက္ကာမာဆာရိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၂၊ ၄-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။ ၎င်းသည် နောက်ဆုံးဗိုလ်လုပွဲတွင် ပြိုင်ဘက်တင်းနစ်မယ် တာတွန် ကိုဗာကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဘာမင်ဂမ်ကလက်ဆစ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။
၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် အမေရိကန်တင်းနစ်မယ် အီဗာယိုဗစ်ချ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသူ ဖြစ်သည်။
အောင်ဇော်


