မော်လမြိုင်ကျွန်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မှိုစိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်းကို ဇွန် ၅ ရက်က ဖွင့်လှစ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက မှိုစိုက်ပျိုးထုတ်လုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ မှိုမျိုးစေ့ပြင်ဆင်နည်း၊ မှိုစိုက်ပျိုးထုတ်လုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ သင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)


