ဇလွန် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် တောင်သူများအား သစ်စိမ်းမြေသြဇာနှင့် ဆင်းသုခ(RS)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက မျိုးစေ့ကဏ္ဍ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက (RS - CS) မျိုးစေ့ထုတ်တောင်သူများအား သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်နှင့် ဆင်းသုခ(RS)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းအောင်နှင့် သင်တန်းဆရာများက တောင်သူများအား သင်တန်းဆက်လက် ပို့ချခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


