ဓနုဖြူ မတ် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှစတင်၍ အမှတ်(၄)ရပ်ကွက်ရှိ “ငြိမ်း လှိုင်ထိပ်ထား သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

အဆိုပါ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲတွင် သံဃာ၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၁၆ ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင် ၂၅ ပါး၊ ပထမလတ်တန်းတွင် ၇၁ ပါး၊ ပထမငယ်တန်းတွင် ၇၁ ပါး၊ အခြေပြုမူလတန်းတွင် ၈၆ ပါး စုစုပေါင်း ၂၅၃ ပါး ဝင်ရောက်ဖြေဆိုသည်။

 

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင် နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ပြီး စာမေးပွဲကာလ နေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေသံဃာ၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များ ကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီက ဆွမ်းစရိတ်အဖြစ် တစ်ပါးလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)