လှိုင်းဘွဲ မတ် ၂၉
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက လှိုင်းဘွဲမြို့မ ပရိယတ္တိစာသင်တိုက်နှင့် မဟာသုမေဓာရာမ တောရကျောင်းတိုက်တို့၌ ကျင်းပသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို စာမေးပွဲကြီးကြပ်ရေး ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ကာ အစိုးရပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်းတွင် စာဖြေသံဃာ ကိုးပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ ၁၃ ပါး၊ ပထမငယ်တန်းတွင် စာဖြေသံဃာ ၂၃ ပါး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာ ၈၃ ပါး စုစုပေါင်း စာဖြေသံဃာ ၁၂၈ ပါး ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါစာမေးပွဲကို မတ်၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)


