မတ္တရာ မတ် ၂၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဝိနည်းကျင့်ဝတ်/ သုကု မာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက် ဘာသာ/ဓမ္မပဒ၊ ဒွေမာတိက ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေ သုခကျောင်းတိုက် စာစစ်ဌာန၌ ကျင်းပသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ ၁၂၇ ပါးရှိပြီး ပထမကြီးတန်း စာဖြေသံဃာ ၂၃ ပါး၊ သီလရှင်တစ်ပါး၊ ပထမလတ်တန်း စာဖြေသံဃာ ၂၈ ပါး၊ သီလရှင် လေးပါး၊ ပထမငယ်တန်း စာဖြေသံဃာ ၂၂ ပါး၊ သီလရှင် နှစ်ပါး၊ အခြေပြုမူလတန်း စာဖြေသံဃာ ၃၆ ပါး စုစုပေါင်း ၁၁၆ ပါး ဖြေဆိုကြသည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ကြသည်။ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား


