ပွင့်ဖြူ မတ် ၂၉

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ (ပထမနေ့) ကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

 

အဆိုပါ အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ဖြေဆိုရာတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၃ ပါးရှိပြီး ယနေ့ပထမနေ့ဖြေဆိုရာတွင် ပထမကြီးတန်းတွင် ရဟန်း ခြောက်ပါးနှင့် သီလရှင်တစ်ပါး၊ ပထမလတ်တန်းတွင် ရဟန်း သုံးပါးနှင့် သီလရှင်တစ်ပါး၊ ပထမငယ်တန်းတွင် ရဟန်းတစ်ပါးနှင့် သီလရှင်လေးပါး၊ အခြေပြုမူလတန်းတွင် သာမဏေလေးပါးနှင့် သီလရှင်တစ်ပါးတို့ ဝင်ရောက် ဖြေဆိုကြသည်။

 

ယင်းစာမေးပွဲကို မတ် ၂၉ ရက် မှ ဧပြီ ၄ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ စာဖြေသံဃာများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သုစိတ္တသာရ (မဟာသဒ္ဓမ္မဇောတိ ကဓဇ)နှင့် ဆရာတော်ကြီးများက ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)