တပ်ကုန်း မတ် ၂၉

 

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာမျိုးမြင့် (အောင်လံ) အသက်(၇၉)နှစ်ပြည့် အထိမ်းအမှတ် ရဟန်းဘာကြောင့်ဝတ်တာလဲနှင့် ဗုဒ္ဓ၊ ဓမ္မ၊ ဝတ္ထု/ဆောင်းပါးပေါင်းချုပ် စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြဝတီရပ်ကွက် ပဏ္ဍိတာရာမ စာသင်တိုက်၌ ကျင်းပသည်။

 

ဦးစွာ စာရေးဆရာ(မြတ်ဘုန်း-တပ်ကုန်း)၊ ပဏ္ဍိတာရာမ စာသင်တိုက် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတာနန္ဒဆရာတော်နှင့် စာရေးဆရာမျိုးမြင့်(အောင်လံ)တို့က စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ်လှူဒါန်းရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ် ၃၀ လှူဒါန်းရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လက်ခံယူခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များအတွက် အုပ် ၃၀ ကို လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်ပု (ဉာဏ်လင်း-တပ်ကုန်း)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်