နေပြည်တော် မတ် ၂၇

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စနစ်ကျလှပသော လူမှုပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်စေရန်၊ ပြည်သူများစိတ်လက်ကြည်သာစွာ အပန်းဖြေအနားယူနိုင်စေရန်၊ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပပြီး (၁၂) လရာသီပတ်လုံး ပန်းများဖြင့် ဝေဆာဖူးပွင့်နေစေရန် ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း၌ အများပြည်သူအပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုအဖြစ် မြေဧရိယာ ၆ ဒသမ ၈ ဧက အကျယ်ရှိ မလိခပန်းဥယျာဉ်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အဆိုပါပန်းဥယျာဉ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ပန်းဥယျာဉ်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပန်းဥယျာဉ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပန်းဥယျာဉ်အား လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်