(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျင်းပရာ တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များနှင့် သွေးလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာသွေးအလှူရှင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စု ခွဲခြားခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


