နေပြည်တော် မတ် ၂၇
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်း တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲရင့်ဝင်း ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းက ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ ယန္တရားတပ်ခွဲ ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ဂုဏ်ပြုအမြောက်တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်း အဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး) အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြ တပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဆင်ဖြူရှင် စစ်ကြောင်းစစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဘုရင့်နောင်စစ်ကြောင်း အလံအဖွဲ့၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲ တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၁)၊ အကောင်းဆုံးစခန်း တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၃)၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၃)၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ စစ်ရေးပြ အကောင်းဆုံးတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ (၁)တို့ အား ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက လေ့ကျင့်ရေး အကောင်းဆုံး တတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေ့ကျင့်ရေး အကောင်းဆုံး ဒုတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေ့ကျင့်ရေးအကောင်းဆုံး ပထမဆုရရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) တပ်ခွဲ ဒုတိယ ဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ (၃)၊ တပ်မတော် (ကြည်း၊ ရေ၊လေ) (အမျိုးသမီး) တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) တပ်ကြပ်ကြီးစာရေး စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသည့် လေကြောင်းချီတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြု တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြ တပ်ခွဲ (၄)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၁)၊ အကောင်းဆုံးစခန်း ပထမဆုရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်းအကောင်းဆုံး ပထမ ဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့အား ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ဂုဏ်ပြုဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အုပ်ဖွဲ့ ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲတတိယဆုရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ထပ်မံပေးအပ်သည့် စစ်ရေးပြ အကောင်းဆုံးတပ်ခွဲများဖြစ်သည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ (၁) နှင့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲတို့အား အထူးဆုအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


