နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြား

 

နေပြည်တော် မတ် ၂၇

 

(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ ညပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

စစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြစစ်ကြောင်းကြီးများအလိုက် သစ်တပ် စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

 

ထို့နောက် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ ဆက်လက် နေရာယူပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းအောင် ဦးဆောင်၍ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု ယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြပြီး ဘက်ပိုက်တပ်စုက သတ်မှတ်နေရာတွင် နေရာယူသည်။

 

 

ယင်းနောက် တပ်ခွဲမှူး ဗိုလ်ကြီး ဒေါ်နှင်းနုရှိန် ဦးဆောင်သည့် တပ်မတော် (ကြည်း)  အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲနှင့် တပ်ခွဲမှူး ဗိုလ်မှူး ဝင်းသူထွန်း ဦးဆောင်သည့် တပ်မတော် (ရေ) အထူးတာဝန်တပ်ဖွဲ့ စစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြကွင်းကြီးအတွင်းသို့ ချီတက်နေရာယူကြသည်။

 

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲရင့်ဝင်း ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်မြဝင်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အနော်ရထာစစ်ကြောင်း။

 

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုနိုင်ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သားစစ်ကြောင်း။

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မျိုးဟိန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၄) တို့ပါဝင်သည့် ဘုရင့်နောင် စစ်ကြောင်း။

 

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီးစစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု  အမျိုးသမီး စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၄)တို့ ပါဝင် သည့် အောင်ဇေယျစစ်ကြောင်း။

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၄) တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဖေသက်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ လေကြောင်းချီ စစ်ရေးပြတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။

 

စစ်ကြောင်းမှူး ရဲမှူးချုပ် ဝင်းဇော်နိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု အမျိုးသမီးစစ်ရေးပြတပ်ခွဲ (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု အမျိုးသမီးစစ်ရေးပြတပ်ခွဲ (၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၄) တို့ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ် အတိုင်း ချီတက်ကြသည်။

 

ထိုသို့ချီတက်ချိန်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။

 

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ ရုပ်ရှင်ဂီတ အနုပညာရှင်များ၊ ဒေသခံ မိဘ ပြည်သူများကလည်း စစ်ကြောင်းကြီးများ ချီတက်ရာလမ်းတစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေး သီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

 

 

အဆိုပါ (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစား တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားအငြိမ်းစား သံအမတ်ကြီးများ၊ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့ သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ တပ်မတော်သား မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်း ပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့ အလှူရှင်များ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

 

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားကျင်းပသည့် စစ်ရေးပြကွင်းသို့ ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြု ကြသည်။ ထိုသို့စစ်ကြောင်းကြီးများ၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့ ကလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

 

 

ထိုသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် စစ်ရေးပြကွင်းသို့ ရောက်ရှိစဉ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များ ထုတ်လွှတ်၍ အလေးပြုပျံသန်းသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲရင့်ဝင်း ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

 

 

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ) မှ MTX– 1A လေယာဉ်တစ်စင်းနှင့် PT-6 လေယာဉ် နှစ်စင်းတို့က ရှုရပ်၏ရှေ့တည့်တည့်မှ Composite Formation ပုံစံဖြင့်လည်းကောင်း၊ Mi-17 ရဟတ်ယာဉ်နှစ်စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏ လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍ လည်းကောင်း၊ Mi-2M ရဟတ်ယာဉ်နှစ်စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏ လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်း ကောင်း၊ H-125 ရဟတ်ယာဉ်နှစ်စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏ လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ်နှစ်စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ်နှစ်စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍ လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် နှစ်စင်းက ရှုရပ်၏ ရှေ့တည့်တည့်မှဝင်ရောက်ပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် နှစ်စင်းက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမှ ဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်း ကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီ မြင်ကွင်းမှပျံသန်း၍ လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ပျံသန်း၍လည်း ကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းက ရှုရပ်၏ ရှေ့တည့်တည့်မှ ပျံသန်း၍လည်း ကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ်နှစ်စင်းက Echelon Formation ပုံစံဖြင့် ရှုရပ်၏ ရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်သုံးစင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ဝင်ရောက်ကာ Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစား တိုက်လေယာဉ် သုံးစင်းက ပွဲကြည့်စင်နောက်မှ ရှုရပ်၏ အရှေ့ဘက်သို့ပျံသန်း၍ Flare မီးကျည်များ ထုတ်လွှတ်၍လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုကြသည်။

 

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ စစ်ရေးပြ ကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၆ ခုနှစ် (၈၁)နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တံဆိပ်ကြီးကိုလည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းကြောင်း တစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင် အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့် လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များ အတိုင်း ပြောင်းလဲအလှဆင်၍လည်းကောင်း၊ လမ်းဘေးဝဲ၊ ယာတစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြ ကွင်းအတွင်း အလေးပြုခံစင်မြင့် မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့် လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံ ပုံဖော်ထားသည့် ကြယ်တံဆိပ် နှစ်ခုအား LED Strip Light များဖြင့် လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Strip Light များဖြင့် အသီးသီးပုံဖော် အလှဆင်ထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

 

ထို့အပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူး ထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြကွင်းကြီးသို့ ချီတက်ရာ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို LED ဆိုင်းဘုတ်များအသုံးပြု၍ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် စာတန်းများ ရေးထိုးထားရှိကြောင်းသိရသည်။

 

သတင်းစဉ်